0% found this document useful (0 votes)
58 views

Standard Operating Procedure (SOP) For Selecting Contractor

P

Uploaded by

ksbhlaing
Copyright
© © All Rights Reserved
We take content rights seriously. If you suspect this is your content, claim it here.
Available Formats
Download as DOCX, PDF, TXT or read online on Scribd
0% found this document useful (0 votes)
58 views

Standard Operating Procedure (SOP) For Selecting Contractor

P

Uploaded by

ksbhlaing
Copyright
© © All Rights Reserved
We take content rights seriously. If you suspect this is your content, claim it here.
Available Formats
Download as DOCX, PDF, TXT or read online on Scribd
You are on page 1/ 4

၂(ဂ) Standard Operating Procedure (SOP) for selecting contractor.

၁။ ရည်ရွယ်ချက်
မိမိတို့ကုမ္ပဏီ၏ စီမံချက်များ ဝန်ဆောင်မှုများအတွက် အရည်အသွေး
ပြည့်မှီသော ယုံကြည်စိတ်ချ ရသော Cost effective ဖြစ်သော contractors များ
ရရှိနိုင်စေရန်ရည်ရွယ်၍ ဤ Selecting Contractor Sop အား ရေးဆွဲပါ။

၂။ Scope
ဤ Procedure အား မိမိတို့ကုမ္ပဏီအတွင်းရှိ Department အားလုံး
Contractor များ ရွေးချယ် ငှားရမ်းရာတွင် လိုက်နာကျင့်သုံးရမည်။

၃။ Responsibilities
Project Owner သည် contractor ရွေးချယ်မှု လုပ်ငန်းစဉ်များအားလုံး ဤ
S.O.P နှင့် ကိုက်ညီမှုရှိစွာ ခြုံငုံသုံးသပ်ဆောင်ရွက်ရမည်။
Procurement Team သည် contractor များ၏ ဘဏ္ဍာရေးတည်ငြိမ်ခိုင်မာမှု
ကို အကဲဖြတ်ပြီး ဘတ်ဂျခွဲဝေမှုကို အတည်ပြုရမည်။
ဥပဒေရေးရာဌာနသည် ဥပဒေလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်
စာချုပ်များကို ပြန်လည်သုံးသပ် ပြီးအတည်ပြုရမည်။
ဘဏ္ဍာရေးဌာနသည် အလားအလာရှိသော Contractor များ၏ ဘဏ္ဍာရေးတည်ငြိမ်
ခိုင်မာမှုကို အကဲဖြတ်ပြီး ဘတ်ဂျက်ခွဲဝေမှုကို အတည်ပြုရမည်။
Exertive အဖွဲ့သည် ရွေးချယ်ထားသော ကန်ထရိုက်တာများနှင့် ပါတ်သက်၍
အပြီးသတ်ခွင့်ပြုပေး ရမည်။

၄။ Procedure
(က) Project လိုအပ်ချက်များကို သတ်မှတ်ပါ။
(၁) တိကျသော Project လိုအပ်ချက်များနှင့် နယ်ပယ်ကို ဆက်မှတ်ပါ။
(၂) Contractor များမှ ပေးနိုင်သော ဝန်ဆောင်မှု၊ အချိန်ဇယားနှင့်
အရည်အသွေးစံနှုန်းများ အပါအဝင် + အသေးစိတ် Project သတ်မှတ်
ချက်များကို ပြုစုပါ။
(၃) အရေးပေါ်စရိတ်များအပါအဝင် Project အတွက် ဘတ်ဂျက်တစ်ခု
ထူထောင်ပါ။
(ခ) ရွေးချယ်မှုစံနှုန်းများကို ပြုစုပါ။
(၁) Project အတွက်လိုအပ်သော Contractor များ၏ အတွေ့အကြုံနှင့်
ကျွမ်းကျင်မှု ကိုသတ်မှတ်ပါ။
(၂) လိုအပ်သော နည်းပညာဆိုင်ရာ စွမ်းရည်များနှင့် အရင်းအမြစ်များ
ကို ပြုစုပါ။
(၃) အလားအလာရှိသော Contractor များ၏ ဘဏ္ဍာရေးအခြေအနေကို အကဲဖြတ်
ရန် သတ်မှတ်ချက်များ ချမှတ်ပါ။
(၄) Contractor များ၏ နာမည်ကောင်းရှိမှုများ ၎င်းတို့နှင့်ဆက်စပ်
ဆောင်ရွက်နေသည့် အခြားအဖွဲ့အစည်းများနှင့် ပါတ်သက်၍
အကဲဖြတ်၍ စံနှုန်းများသတ်မှတ်ပါ။
(၅) လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် စည်းကမ်းများ
နှင့်အညီ လိုက်နာဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို
ဖော်ထုတ်ပါ။
(၆) ကုန်ကျစရိတ်ထိရောက်မှုရှိစေရန်အတွက် ကုန်ကျစရိတ်အဆိုပြု
ချက်များကို အကဲဖြတ် နိုင်ရန် မူကောင်းများကို သတ်မှတ်ပါ။
(ဂ) တောင်းခံခြင်း အဆိုပြုချက်များကို တောင်းခံပါ။
(၁) Project လိုအပ်ချက်များ၊ ရွေးချယ်မှုစံနှုန်းများနှင့် တင်ပြ
မှုလမ်းညွှန်ချက်များပါဝင်သော Request for proposal (RFP) ကို
ပြင်ဆင်ပါ။
(၂) ပြင်ဆင်ထားသော RFP ကြိုတင်ခွင့်ပြုထားသော စာရင်းတွင်ပါဝင်
သည့် အလားအလာ ရှိသော Contractor များထံ ပေးပို့ခြင်း၊ အခြား
သင့်လျော်သော နည်းလမ်းများမှတဆင့် ကြော်ငြာခြင်းများ
ဆောင်ရွက်ပါ။
(၃) ပရောဂျက်လိုအပ်ချက်များကို ရှင်းလင်းရန်နှင့် အလားအလာရှိ
သော Contractor များထံမှ မေးခွန်းများကို ဖြေကြားနိုင်ရန်
ကြိုတင်လေလံအစည်းအဝေးပြုလုပ်ပါ။

(ဃ) အဆိုပြုချက်များအကဲဖြတ်ပါ။
(၁) သတ်မှတ်ထားသော နောက်ဆုံးရက်တွင် တင်ပြလာသော အဆိုပြချက်
အားလုံးကို စုဆောင်းပြီးစာရင်းသွင်းရမည်။
(၂) အဆိုပြုချက်အားလုံးကို အခြေခံလိုအပ်ချက်များလမ်းညွှန်မှု
များနှင့် ကိုက်ညီမှု ရှိ/မရှိ ကနဦးစစ်ဆေးရမည်။
(၃) သတ်မှတ်ထားသော ရွေးချယ်မှုစံနှုန်းများအပေါ် အခြေခံ၍
အဆိုပြုချက်များကို ပြန်လည် သုံးသပ်ပြီး အမှတ်ပေးရန်အတွက်
အကဲဖြတ်ရေးကော်မတီကို ဖွဲ့စည်းရမည်။ ဤ ကော်မတီသည် နည်းပညာ
ဆိုင်ရာအကဲဖြတ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အကဲဖြတ်ခြင်း နှင့်
References Checking တို့ကို ဆောင်ရွက်ရမည်။
(၄) အကဲဖြတ်ရမှတ်များအပေါ် မူတည်၍ " Short List Candidates" စာရင်း
ပြုစုရမည်။

(င) အင်းတာဗျူးနှင့်ညှိနှိုင်းခြင်းများကိုလုပ်ဆောင်ပါ။
(၁) အဆိုပြုချက်များကို အသေးစိတ်ဆွေးနွေးပြီး ဆန်ကာတင်စာရင်း
တွင်ပါဝင်သော Contractor များနှင့် တွေ့ဆုံမေးမြန်းမှုကို
အချိန်ဇယားဖွဲပြီး ပြုလုပ်ရမည်။
(၂) လိုအပ်ပါက ကန်ထရိုက်တာ၏ Facilities နှင့် စွမ်းဆောင်ရည်များ
ကို အကဲဖြတ်ရန် အတွက် ၎င်းတို့လုပ်ငန်းခွင်ထံသွားရောက်လေ့လာ
ခြင်း ပြုလုပ်ရမည်။
(၃) Project ၏ လိုအပ်ချက်များ ဘတ်ဂျက်များနှင့် ကိုက်ညီမှုရှိစေ
ရန် စည်းကမ်းသတ်မှတ် ချက်များ အတည်ပြုနိုင်ရန်အတွက်
ထိပ်တန်း Contractor များနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ရ
မည်။

(စ) နောက်ဆုံးရွေးချယ်မှုနှင့် အတည်ပြုချက်


(၁) Project လိုအပ်ချက်များ၊ ရွေးချယ်မှုစံနှုန်းများနှင့်
အကိုက်ညီဆုံး Contractor ကို ရွေးချယ်ရမည်။
(၂) Execute Team နှင့် အခြားသက်ဆိုင်သူများ၏ အတည်ပြုချက်ရယူရန်
အတွက် ရွေးချယ် ထားသော Contractor အား တင်ပြရမည်။
(၃) သတ်မှတ်ထားသော ရွေးချယ်မှုစံနှုန်းများအပေါ် အခြေခံ၍ အဆို
ပြချက်များကို ပြန်လည်သုံးသပ်ခြင်း အမှတ်ပေးရန်အတွက်
အကဲဖြတ်ရေးကောမတီကို ဖွဲ့စည်းရမည်။ ဤကော်မတီသည် နည်းပညာ
ဆိုင်ရာ အကဲဖြတ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အကဲဖြတ်ခြင်း နှင့်
References Checking တို့ကို ဆောင်ရွက်ရမည်။

(ဆ) အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်လေလာခြင်း


(၁) Project လိုအပ်ချက်များ၊ အချန်ဇယားများ၊ ရည်မှန်းချက်များ
နှင့် ပါတ်သက်၍ ပြန်လည်သုံးသပ်နိုင်ရန်အတွက် ရွေးချယ်ထားသော
Contractor နှင့် Kick-off အစည်းအဝေးပြုလုပ်ရမည်။
(၂) Project တိုးတက်မှုနှင့် ကန်ထရိုက်တာ၏ စွမ်းဆောင်ရည်ကို စဉ်
ဆက်မပြတ် ဆန်းစစ်နေနိုင်ရန်အတွက် ပုံမှန်စစ်ဆေးစောင့်ကြည့်
ခြင်းနှင့် အစီရင်ခံခြင်း စနစ်ထူတောင် ရမည်။
(၃) ဖြစ်ပေါ်လာသည့် အခက်အခဲများကို စောလျင်စွာ ဖြေရှင်းနိုင်ရေး
အတွက် Project Performance review များ ပြုလုပ်ရမည်။
(၄) အကဲဖြတ်ရမှတ်များအပေါ်မူတည်၍ " Short List Candidates" စာရင်း
ပြုစုရမည်။
(ဇ) Post - Project Evaluation
(၁) Project အကျိုးရှိရှိထိထိရောက်ရောက် အောင်မြင်ရေးအတွက်
Contractor ထံမှ ရရန် ရှိသော သဘောတူထားချက်များအားလုံးရရှိ
ရန် ဆောင်ရွက်ရမည်။
(၂) ကန်ထရိုက်တာ၏ စွမ်းဆောင်ရည်နှင့် မှတ်တမ်းများကို Final
Evaluation ပြုလုပ်ရမည်။
(၃) အနာဂါတ်တွင် ကန်ထရိုက်တာ ရွေးချယ်ရေးလုပ်ငန်းစဉ်များ ပိုမို
ကောင်းမွန်လာစေရန် အတွက် သက်ဆိုင်သူအားလုံးထံမှ အကြံပြုချက်
များကို ရယူစုဆောင်ရမည်။

၅။ Documentation / စာရွက်စာတမ်းများ
- Project requirements and specifications
- RFP documents
- Evaluation seores and committee's report
- Interview and negotiation notes
- Final contracts
- Monitoring and performance Review reports
- Post - project evaluation reports

၆။ ပြန်လည်သုံးသပ်ခြင်း နှင့် အတည်ပြုခြင်း


ဤ SOP အား ပိုမိုထိရောက်ကောင်းမွန်စေရန်အတွက် နှစ်စဉ်ပြန်လည်
သုံးသပ်မှု ပြုလုပ် ရမည်။ အကယ်၍ အပြောင်းအလဲ တစ်စုံတစ်ရာ ပြုလုပ်ပါက
Executive Team အတည်ပြုချက်ရယူ ရမည်။

You might also like